နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ(ငြိမ်း)က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို

Printer-friendly versionSend by email

 

ဗန်ကောက် ဇွန် ၁၄


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အားထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့ဒေသ စံတော်ချိန် ညနေ(၅)နာရီတွင် အစိုးရအိမ်တော် မြက်ခင်းပြင်၌ ကျင်းပသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဂုဏ်ပြုကြိုဆိုမည့် အစိုးရအိမ်တော် မြက်ခင်းပြင်သို့ ရောက်ရှိလာရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ် ချန်အိုချာ (ငြိမ်း) နှင့် ဇနီးတို့ကရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတအားထိုင်းနိုင်ငံဝန်ကြီးချုပ်က၎င်းနှင့်အတူ ကြိုဆို နှုတ်ဆက်ကြသူများအားမိတ်ဆက်ပေးပြီး နိုင်ငံတော်သမ္မတကလည်းအတူလိုက်ပါ လာသည့် အဖွဲ့ဝင်များနှင့် ပြန်လည်မိတ်ဆက်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အစိုးရအိမ်တော်၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အစိုးရအိမ်တော် ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်ဇနီးတို့နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် အစိုးရ အိမ်တော်ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

ဆက်လက်၍ မြန်မာ-ထိုင်းနှစ်နိုင်ငံဆွေးနွေးပွဲကိုအစိုးရအိမ်တော် Pakdi -bodin Hall ၌ ကျင်းပရာ နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တက် ရောက်ကြသည်။

တွေ့ဆုံပွဲနှင့် နှစ်နိုင်ငံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စု ၀န်ကြီးဦးကျော်တင်၊ ဒုတိယ၀န်ကြီးဦးအောင်ထူး၊ သံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ဒုတိယ၀န်ကြီး ချုပ်၊ ၀န်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲနှင့် နှစ်နိုင်ငံဆွေးနွေးပွဲတို့တွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ထိုင်း နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရရှိရေး၊ သင့်လျော်သည့် ရပိုင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်မှုများပေးရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ် ဂိတ်များအဆင့်မြှင့်တင်ရေး၊ရခိုင်ပြည်နယ်အရေးကိစ္စတွင် ထိုင်းနိုင်ငံမှ အပြုသဘော အကူအညီပေးရေး၊ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသောနေရပ်စွန့်ခွာသူများ မြန်မာ နိုင်ငံသို့ ပြန်လည်လာရောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကုန် သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ထိုင်းနှစ်နိုင်ငံသံတမန် ဆက်သွယ်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေးတို့နှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် အစိုးရ အိမ်တော်၌ကျင်းပသည့် နှစ်နိုင်ငံသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ကြပြီး ဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအားပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ဇနီးတို့ နှင့်အတူ အစိုးရအိမ်တော်ခန်းမ၌ ခင်းကျင်းပြသထားသည့် ထိုင်းရိုးရာအစား အစာများ၊ အ၀တ်အထည်များနှင့် ရိုးရာလက်မှုပစ္စည်းများအားလိုက်လံ ကြည့်ရှုကြ သည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည်ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်ဇနီးတို့ က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။