နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထာဝရငြိမ်းချမ်းရေးစေတီတော် သတ္တဋ္ဌာန မူလဌာပနာတော်သွင်း မဟာမင်္ဂလာ အခမ်းအနား တက်ရောက်ကြည်ညို

Printer-friendly versionSend by email

 

နေပြည်တော် ဇွန် ၁၉

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအ၀ိုင်းအနီး၌ တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော် သတ္တဋ္ဌာန မူလဌာပနာတော်သွင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညို၍ သတ္တဋ္ဌာန မူလဌာပနာ ဗုဒ္ဓရုပ်ပွားတော်များအား မူလဌာပနာ တိုက်အတွင်း ထည့်သွင်းပူဇော်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သြ၀ါဒါစရိယ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာ ရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တက၀ိသာရ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက် ကြည်ညိုကြသည်။

အခမ်းအနားမစတင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း တို့ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်သြ၀ါဒါစရိယ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာ ရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ် များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ် တော်မူသော သမန္တာမှစ၍ မေတ္တသုတ်တော်၊ ရတနာသုံးပါးဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ် ချည်၊ ပရိတ်သဲများကို စေတီတော်ပရိဝုဏ်တွင် ပက်ဖြန်းကြဲဖြန့်ကြသည်။

ယင်းနောက် ထာဝရငြိမ်းချမ်းရေးစေတီတော် မူလဌာပနာတိုက်အတွင်း ထည့်သွင်း ပူဇော်မည့် အပရာဇိတပလ္လင်၌ မာရ်နတ်ကို အောင်တော်မူဟန် ရုပ်ပွားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို နိုင်ငံတော်သြ၀ါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ က၀ိသာရ ထံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က ဆက်ကပ် လှူဒါန်းကြ သည်။

ဆက်လက်၍ မူလဌာပနာတိုက်အတွင်း ထည့်သွင်းပူဇော်မည့် အောင်ခြင်းရှစ်ပါး အောင်တော်မူဟန်ရုပ်ပွားတော်၊ ဓာတ်တော်ရွှေကြုတ်၊ ရွှေကြာပန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ပေါက်မြိုင်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒနှင့် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကတို့ထံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ မူလဌာပနာတိုက်အတွင်း ထည့်သွင်းပူဇော်မည့် အနိမိသပဋိမာ ရုပ်ပွားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို မဟာလယ်တီစံ ကျောင်းတိုက် ဆရာတော်ထံ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး တို့က ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ် ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အလှူရှင်များက ဆရာတော် သံဃာတော် များထံ ဌာပနာထည့်သွင်းပူဇော်မည့် ရုပ်ပွားတော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သြ၀ါဒါစရိယ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသု တာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ ၊နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။

ထို့နောက် သတ္တဋ္ဌာန မူလဌာပနာတော် သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘုရားဒါယကာ၊ ဒါယိကာမ များက သတ္တဋ္ဌာန မူလဌာပနာ ရုပ်ပွားတော်များနှင့် ဗုဒ္ဓဖြစ်တော်စဉ် ရုပ်ပွားတော်များကို ပင့်ဆောင်ကာ စေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်ပြီး သတ်မှတ်နေရာသို့ ပင့်ဆောင်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမှူးပြုသော ပြည်ထောင်စုဝန်ကြီး များနှင့်အဖွဲ့သည် သတ္တဋ္ဌာန မူလဌာပနာ ရုပ်ပွားတော်များနှင့် ဗုဒ္ဓဖြစ်တော်စဉ် ရုပ်ပွား တော်များကို မူလဌာပနာတိုက်သို့ လက်ဆင့်ကမ်း ပင့်ဆောင်ပေးကြသည်။ မင်္ဂလာ အချိန်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အလှူရှင်များက သတ္တဋ္ဌာန မူလဌာပနာ ရုပ်ပွားတော်များနှင့် ဗုဒ္ဓဖြစ်တော်စဉ် ရုပ်ပွားတော်များကို မူလဌာပနာတိုက်တော်အတွင်းသို့ ထည့်သွင်း ပူဇော်ကြသည်။

ဆက်လက်၍ မူလဌာပနာတိုက်တော်အတွင်း ကျောက်မျက်ရတနာများ ထည့်သွင်း ကြဲဖြန့်ပူဇော်ကြပြီး မူလဌာပနာတိုက်တော်ကို ပိတ်၍ ပရိတ်နံ့သာရည် ပက်ဖျန်းပူဇော် ကြသည်။ ယင်းနောက် ဆရာတော် သံဃာတော်များ ဦးဆောင်၍ ဇယန္တော ဗောဓိယာ မူလေ အစချီသော ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဖတ် ပူဇော်ကြပြီး အခမ်း အနားကိုရုပ်သိမ်းခဲ့သည်။