နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တရုတ်၊ ဂျပန် နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email

 

နေပြည်တော် နိုဝင်ဘာ ၁
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နေပြည်တော်၌ ကျင်းပလျက်ရှိသော (၁၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေး (12th AMMTC) နှင့် ဆက်စပ်အစည်းအဝေးများ၌ တက်ရောက်နေကြသည့် အာဆီယံနိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များ နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက (၁၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးတွင် ရလဒ်ကောင်းများ ရရှိအောင် ဆွေးနွေးကြကြောင်း၊ အောင်မြင်တဲ့ အစည်းအဝေးဖြစ်ကြောင်း ကြားသိရ၍ ဝမ်းမြောက်ပါကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများ၏ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်းနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ပံ့ပိုးကူညီမှု ကလည်း အရေးပါ ပါကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများသည် အရေးကြီးသဖြင့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးများတွင် ဆွေးနွေးရသည့် ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ အကြမ်းဖက် ကိစ္စများကလည်း ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်လျက်ရှိပါကြောင်း စသည်ဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များဖြစ်ကြသည့် ဘရူနိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. The Honourable Pehin Datu Lailaraja Major General (Retd.) Dato Paduka Seri Awang Haji Halbi bin Haji Mohd.Yussof၊ ကမ္ဘောဒီးယားနိုင်ငံမှ Secretary of State H.E. Gen.Meach Sophana၊ အင်ဒိုနီးရှားနိုင်ငံ ရဲချုပ် H.E. Police General Prof. H. Muhammad Tito Karnavian ၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Police Major General Somvang Thammasith ၊ မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ အတွင်းရေးမှူးချုပ် H.E. Dato' Alwi Bin Hj Ibrahim ၊ ဖိလစ်ပိုင်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ Undersecretary H.E. General Bernardo C. Florece, Jr. (Retd.) ၊ စင်ကာပူနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်လွှတ်တော်ရေးရာအတွင်းဝန် H.E. Amrin Amin ၊ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Sutee Markboon ၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Senior Lieutenant General Le Quy Vuong ၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Du Hang Wei ၊ ဂျပန်နိုင်ငံ အမျိုးသားရဲအေဂျင်စီ ဒုတိယရဲချုပ် H.E Matsumoto Mitsuhiro ၊ ကိုရီးယားနိုင်ငံ တရားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Kim O-su နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Lim Jock Hoi တို့ တက်ရောက် ကြသည်။