မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၁၂

မောင်တောမြို့နယ် နယ်မြေ(၁)၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံးမှ ရဲမှူးအောင်ဆွေဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအမှတ်(၁၁) နယ်ခြားစောင့်တပ် Jaruliachari ကင်းစခန်းမှ Naib Subedar Alomgir Hossen ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၁ ရက် နံနက်၉ နာရီမှ ၁၁ နာရီ ၁၅ မိနစ်အထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၄၆)မှ (၄၇)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။