စစ်တွေမြို့နယ်တွင် စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

စစ်တွေမြို့နယ်တွင် စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

စစ်တွေ ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းမှ WY/R စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၃၀၀၀၀၀ တင်ဆောင်လာသော သုံးဘီးယာဉ်တစ်စီး ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၁ ရက်က စစ်တွေမြို့နယ် ရေချမ်းပြင်နယ်မြေရဲကင်းစခန်းမှူး ရဲအုပ်ဇော်မင်း ဦးစီးသောအဖွဲ့၊ မြို့မရဲစခန်းမှနယ်ထိန်း ရဲအုပ်အေးခင်မောင်နှင့်အဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၄၇)မှ ရဲအုပ်ထွန်းသောင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ စစ်တွေမြို့နယ်ရေချမ်းပြင်ဆိပ်ကမ်းတွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် ထွန်းဝင်း(ခ)သိန်းထွန်းဆိုသူ မောင်းနှင်လာသော ၄ဟ/---- သုံးဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်ပေါ်မှ WY/R စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၃၀၀၀၀၀ သိမ်းဆည်းရမိသဖြင့် ရေချမ်းပြင်နယ်မြေရဲကင်းစခန်းမှ မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။